Monday, June 6, 2011

ဦးအောင်ကို အကြောင်း တစ်စိတ်တစ်ဒေသ


ဦးအောင်ကိုသည် ၁၉၃၆ ခုနှစ်၌ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာတွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၀ ခုနှစ်ဝန်းကျင်က THE WORKING PEOPLE’S DAILY သတင်းစာတွင် “ အောင်သာ ” အမည်ဖြင့်လည်းကောင်း၊ အိုးဝေဂျာနယ်တွင် “ အောင်ကိုကို ” အမည်ဖြင့်လည်းကောင်း၊ ဟံသာဝတီသတင်းစာတွင် “ အောင်မျိုး-ပြင်သစ်စကားပြန်ဟောင်း ” အမည်များဖြင့်လည်းကောင်း ဆောင်းပါးများကို ရေးသားခဲ့သူဖြစ်သည်။ ထို့ပြင် ပြင်သစ်နာမည်ကြီး စာရေးဆရာကြီ “ အဲလ်ဘတ်ကမူး ” ၏ L’E’TRANGER စာအုပ်ကို “ အောင်းမျိုး (ပြင်သစ်စကားပြန်ဟောင်း) ”

အမည်ဖြင့် ၁၉၆၆ ခုနှစ်တွင် ပြင်သစ်မူရင်းမှ “ သူစိမ်းဆန်ဆန် ” ဟုအစောဆုံး ဘာသာပြန်ခဲ့သူဖြစ်သည်။ ထို L’E’TRANGER ၀ထ္ထုမှာ ၁၉၅၇ ခုနှစ်ကမ္ဘာ့နိုဘယ်(လ်)ဆုရပြင်သစ်ဝထ္ထု ဖြစ်သည်။ ဗမာပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီးအား ပုံဖော်ရိုက်ကူးထားသည့် Beyond Rangoon ရုပ်ရှင်ကားတွင် မင်းသားကြီးအောင်ကိုအဖြစ် သရုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ ယခုအခါ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နေထိုင်လျှက်ရှိပြီး ဗမာပြည်ဒီမိုကရေစီအရေးအတွက် တတ်အားသ၍ ကျရာနေရာမှ တတတ်တအား ပါဝင်ထမ်းဆောင်နေဆဲဖြစ်ပါသည် ။

1 comment:

  1. လေးစားဂုဏ်ယူပါတယ် အဘ ဦးအောင်ကို

    ReplyDelete