မင်းသားကြီး





 ရုပ်ရှင်မင်းသားမဟုတ်သော ရုပ်ရှင်မင်းသားကျနော်
         ရွေးချယ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကတော့ လူ့အခွင့်အရေးတွေပါပဲ ဖြစ်ပါတယ်။ ဥပမာ အသက်မွေးဝမ်းကျောင်းပညာ ထမ်းဆောင်ရမယ့် ဘ၀တာဝန်၊ အိမ်ထောင်ပြုရေးကိစ္စအ၀၀ စသည်ဖြင့် ကိုယ်ကြိုက်ရာကို ရွေးပိုင်ခွင့်ရမယ်ဆိုရင်တော့ ဒီဟာမဟုတ်ရင် ဟိုဟာ၊ ဒီအမျိုးအစားမဟုတ်ရင် ဟိုအမျိုးအစား စသည်ဖြင့် ငါတို့အလိုကျ ငါတို့ရွေးကြမှာပဲပေါ့။
         အဲ…. ဒါပေမယ့် တခါတလေများကျပြန်တော့လည်း အဲ့ဒီရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကပဲ ငါတို့ကို တဖန်ပြန်လည်ရွေးချယ်တတ်ပါသေးတယ် ဆိုတာကို ကျွန်တော်တင်ပြချင်ပါသေးတယ်။ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ငါတို့ဟာ ရွေးချယ်ခြင်းရဲ့ ရွေးချယ်မှုကို ခံရတယ်ဆိုတာကို ဆိုလိုချင်တာပါပဲ။ ကဲ ကြည့်လေ…. ငါ့မှာ ရုပ်ရှင်မင်းသားဖြစ်ဖို့ စိတ်ကူးထားမှုမရှိခဲ့၊ ရွေးချယ်ထားမှု မရှိခဲ့သော်လည်း ငါ့ကို ရုပ်ရှင်မင်းသားဖြစ်ရန်အကြောင်းတွေက ပေါ်လာပြီး သူများရဲ့အကျိုးကို သယ်ပိုးရွက်ဆောက်ရန် ရွေးချယ်ခြင်းကပဲ ငါ့ကို ရွေးချယ်လိုက်တာပါပဲလို့ ယူဆမိရတဲ့ ကိစ္စပါ။
         တခါတလေကျပြန်တော့လည်း အငြိမ့်ပွဲထဲက လူပျက်ကလေး မောင်ရွှေရိုးရဲ့ အဖြစ်သနစ်နဲ့ ကြုံရပြန်တယ်။ သူ့အလိုဆန္ဒအရ သူကြိမ်းဝါးတာက “ မင်းသမီးအမေကို ယောက္ခမခေါ်ချင်တာ ကျွန်တော်ပါဗျ ” တဲ့။ အင်း…. မင်းသမီးကလည်း အငြိမ့်ထဲမှာပဲ ချစ်နိုင်မယ်ဆိုဆရာဆိုတော့ လူပျက်ကလေးမောင်ရွှေရိုးခမျာ သနားစရာဖြစ်ရတော့တာပဲပေါ့။ သူက ရွေးချယ်ပေမယ့် သူ့ကို ငြင်းပယ်ခြင်းဆိုတဲ့ ရွေးချယ်ခြင်းက အနိုင်ယူသွားတာပါပဲလေ။ မျှော်လင့်တိုင်းလည်းမဖြစ်၊ အမျှော်လင့်ပဲလည်းဖြစ်၊ အဲဒါတွေဟား လူ့ဘ၀နိယာမအတိုင်းပဲဖြစ်မှာပါ။ နတ်ဖူးစာအကြောင်းကိုတော့ မဖွဲ့ပြလိုပါ၊ “မေယုကိုတဲ့ စုတ်တံချီ” ကိန်းနဲ့ ဆိုက်ရမှာမို့ပါ။



         အဲ့ဒီတော့လည်း ချစ်ခင်မြတ်နိုး ကြည်ညိုလေးစားရသူများနဲ့ ခွဲခွာခြင်းသည်လည်း ဒုက္ခဆင်းရဲခြင်း၊ မချစ်ခင်မနှစ်သက် မကြည်ညိုမလေးစားအပ်သူများနဲ့ ပေါင်းသင်းဆက်ဆံနေရခြင်းသည်လည်း ဒုက္ခဆင်းရဲခြင်း၊ ကိုယ်ကလိုလားတောင့်တတာတွေကို မရရှနိုင်တာကလည်း ဒုက္ခဆင်းရဲခြင်းပါပဲရယ်လို့ မြတ်စွာဘုရားဟောထားတော်မူခဲ့တဲ့အတိုင်း တရားနဲ့ပဲ ဖြေလိုက်ရရုံပဲပေါ့။
         မင်းသားကြီးမလုပ်ရရင်လည်း ပတ်မကြီးကိုတော့ ရိုက်ခွဲစရာ မလိုအပ်တဲ့ အကြောင်းပါပဲ။ ငိုစား ရယ်စား လုပ်ချင်တဲ့စိတ်ဓာတ်၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်တွေကိုမမွေးဘဲ၊ သူတို့နဲ့ဝေးနိုင်သမျှ ဝေးကွာအောင် သတိထားပြီး မိမိတို့ရဲ့ စိတ်သဏ္ဏာန်မှာ သူ့အကျိုး ကိုယ့်အကျိုး စိတ်စေတနာတွေကို ရင်းနှီးစွာကပ်ထားလိုက်ဖို့သာ လိုအပ်တဲ့အကြောင်းပါ။
         ကဲလေ….ကမ္ဘာတစ်ဝန်းမှာ ရုပ်ရှင်မင်းသား မင်းသမီး မဖြစ်ချင်တဲ့သူတွေကို လိုက်လံရှာဖွေကြည့်မယ်ဆိုရင်တော့ သူတော်စင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကလွဲလို့ တွေ့နိုင်မယ်မထင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်းပဲ အချို့သော ရုပ်ရှင်မင်းသမီးများကို တိတ်တခိုး ချစ်ကြိုက်မိပြီး ရုပ်ရှင်မင်းသားရှုး ထမိခဲ့တာပါပဲ။ ငယ်ငယ်တုန်းကပေါ့၊ ရုပ်ရှင်မင်းသမီး ဒေါ်မေသစ်ကို တဖတ်သတ်ကြိတ်ပြီး ချစ်ကြိုက်မိခဲ့တာကြောင့် ညီအကိုမောင်နှမများကတောင် “ဟဲ့ကောင်…မေသစ်လင်” လို့ လှောင်ပြောင်ခေါ်ခဲ့ကြတာကို ကျွန်တော်ခံခဲ့ရပါသေးတယ်။ ကျွန်တော်ကတော့ အခုထက်ထိ ကိုယ့်အကြိုက်နဲ့တွေ့ခဲ့ရလို့ စားမြုံ့ပြန်မိရပါတယ် ဆိုပါတော့။ စိတ်ကူယဉ်အိမ်မက်ဆိုတာ ကိုယ်စီကိုယ်ငှ ရှိကြစမြဲပဲ မဟုတ်ပါလား။ စိတ်ကူနဲ့ နှလုံးသား အချင်းအရာတွေကတော့ ကျွန်တော်တို့ သာမညလူသားတွေကို  အသက်ဝင်လှုပ်ရှားဝေခိုင်းနေအုံးမှာပါပဲလေ။
         ကျွန်တော့ဘ၀တစ်လျှောက်မှာ ရေစုန်ရေဆန် သဘောသဘာဝများနဲ့ စုန်တလှည့်ဆန်တခါ၊ လူးလား ဆန် ခတ် ၊ ခေါက်တုံ့ခေါက်ပြန်၊ အဖြစ်အပျက်တွေနဲ့ လောကဓံတရားများကို ရင် ဆိုင်တွေ့ကြုံခံစားနေရင်း ၁၉၉၃ ခုနှစ်ဆီသို့ ရောက်ခဲ့ပါရော။ ကျွန်တော် ကလည်း ပြင်သစ်ပြည် ပဲရစ်မြို့မှာပဲဆိုတော့ မြောင်းထဲမရောက်သေးသော လမ်းပေါ်ကလူ ဖြစ်နေပါရော။ ပဲရစ်မြို့နဲ့ ပတ်ဝန်းကျင် တ၀ိုက် မှာရှိကြတဲ့ ပြင်သစ်ကုမ္ပဏီများ၊ စက်ရုံများမှာ မော်တော်ကားတစ်စီးနဲ့ အလုပ်ရှုပ်နေသူ ဖြစ်နေရရော။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တော့ မဟုတ်ရပါဘူးလေ။ ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ရတုန်းကတော့ ၁၉၅၀ ခုနှစ်ပိုင်းများမှာ ဗမာ့တပ်မတော် လေ့ကျင့်ရေးတပ်ထဲမှာ တပ်သားကလေးတဦးဖြစ်ခဲ့ရတုန်းကပါပဲ။ ဗိုလ်ချုပ်သားတွေထဲက အသက် ၁၄နှစ်ခန့်ရှိတဲ့ “Boy’s Army” “ရဲညွန့်” တပ်ခွဲမှ တပ်သားတဦးပဲပေါ့။ အဲ့ဒီတုန်းက ဗိုလ်ချုပ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပဲလေ။ ဗိုလ်ချုပ် သမီး ဆို လည်း ဒေါ်အောင်ဆန်းစုကြည်ပဲပေါ့။
         အဲ့ဒီလိုနဲ့ ပဲရစ်မှာ ကိုယ့်အလုပ် ကိုယ်လုပ်ကိုက်စားသောက်နေရင်း တို့တတွေ ချစ်မြတ်နိုးကြတဲ့ အမိမြန်မာပြည်ကြီးမှာ ၁၉၈၈ ခုနှစ် အရေးအခင်းတွေ ဖြစ်ပေါ်လာပါရော။ ဒါနဲ့ပဲ…. ၁၉၉၃ ခုနှစ်ဘက်ရောက်လာတော့ ပဲရစ်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေးနို ဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထောက် ခံလို တဲ့ ပြင်သစ်ရုပ်မြင်သံကြား အမှတ် ၃ လိုင်းမှာ ရုပ်မြင်သံ ကြား မှတ်တမ်း တင် စီမံကိန်းတခုလည်း ပေါ်ပေါက်လာခဲ့ပါရော။ အဲဒီမှတ် တမ်းတင်စီ မံကိန်းနဲ့ ပတ်သတ်ပြီး မှတ်တမ်းတင်ဖို့ တာဝန်ပေးခံရသူ ရုပ်မြင်သံကြား ထုတ်လုပ်သူနဲ့လည်း တွေ့ဆုံကြရပါရော။ အဲဒီလိုနဲ့ အဲဒီမှတ် တမ်းတင်ရုပ်မြင်သံကြား ဇာတ်ကားအတွက် ကျွန်တော် က   ပြင် သစ် လို ဘာသာပြန်ပေးဖို့၊ တွေ့ဆုံမေးမြန်း သာဓကထူ ရန်အတွက် သင့်တော်သူများကို ဖိတ်ခေါ်ညှိနှိုင်းဖို့ စသည်ဖြင့် ကိုယ့်အလုပ် ကိုယ် ပြီးတဲ့အခါ အားလပ်တဲ့ အချိန်အခါများမှာ အခမဲ့တာဝန်ကို ယူခဲ့ပြီး ကူညီဆောင်ရွက်ခဲ့ရပါရော။ အဲဒီမှတ်တမ်းတင် ရုပ်မြင်သံကြားဇာတ်ကားရဲ့အမည်ကတော့ အင်္ဂလိပ်လို Silence and Fear ပဲဖြစ်ပါတယ်။
         အဲ့ဒီပြင်သစ်ဘာသာမူရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုတဲ့ ပြင်သစ်ရုပ်မြင်သံကြား ဇာတ်ကားအတွက် အကူအညီပေးနေတဲ့ အချိန်အခါ သမယတွေမှာပဲ ပဲရစ်ကိုရောက်ရှိလာခဲ့တဲ့ အမေရိကန်လူမျိုး Mr. Alan Clements နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ သူဟာ Beyond Rangoon အမေရိကန်ရုပ်ရှက်ဇတ်ကားကို ရိုက်ဖို့အတွက် တာဝန်ရှိသူ ရုပ်ရှင်ဒါရိုက်တာ Mr.John Boorman ရဲ့ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ပတ်သတ်တဲ့ အကြံပေးသူဖြစ်မှန်းတော့ ကျွန်တော်မ သိခဲ့ ရသေး ဘူးပေါ့။ တွေ့ဆုံကြပြီး မျက်မှန်းတန်းလာတဲ့အခါကျတော့မှပဲ ကျွန်တော့ ကိုသူက အားမနာေ တာ့ ဘဲ မေးခွန်းတခုထုတ်လိုက်ပါတော့တယ်။“ဒီမှာ….ဦးကြီး”လို့ မြန်မာလို ခေါ်လိုက်ပြီး “ဒီပြင်သစ်ပြည်၊ ဥရော ပဘက်မှာ မြန်မာရုပ်ရှင်မင်းသားတယောက်လောက်ရှိတာ ကြားဖူးသလား” တဲ့။ ကျွန်တော်ကလည်း အဲ့ ဒီတော့ “Alan, ကိုယ်သိသလောက်ပြောရမယ်ဆိုရင်၊ တခါမှ မကြားဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ ရှိလိမ့် မယ်လို့လည်းမထင်ဘူး” လို့ပြန် ဖြေလိုက်ပါတယ်။ ဒါပေမဲ့ သူက မကျေနပ်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး “ဦးကြီး…ဖြစ်နိုင်ရင်….တယောက်လောက် ရှာပေးစမ်းပါဗျာ” ဆိုတဲ့ ဒီမေးခွန်းနဲ့အတူ မင်းသားရှာဖို့ကို သုံးကြိမ်တိုင်တိုင် ဖွင့်ဟပြောကြားပြီး ကျွန်တော့ကို တိုက်တွန်းနှိုးဆောင်ခဲ့ပါတယ်။



 နောက်ဆုံး သူအမေရိကကိုပြန်ဖို့ အချိန်ကျရောက်လာတဲ့အခါ ကျွန်တော့်ကို စူးစူးရှရှ စိုက်ကြည့်ပြီး “ဒီမှာ…ဦးကြီး၊ မြန်မာလူမျိုး ရုပ်ရှင်မင်းသားတယောက်ကို  ဒီဥရောပ တိုင်းပြည်များမှာ ကိုယ်တို င် ရှုာ လို့မတွေ့နိုင်ရင် ကိုယ့်ဖာသာ ကိုယ်ဝင်လုပ်ပေတော့ဗျာ။ ဒါဟာ ဦးကြီးရဲ့ တိုင်းပြည်  နဲ့လူမျိုးအတွက်  အဓိကထားပြီး ထမ်းဆောင်ရမယ့် တာဝန် ၀တ္တရားနဲ့ ကိစ္စတခုပဲဖြစ်ပါတယ်” ဆိုပြီး ကျွန်တော့မှာ ဘုမသိ ဘမသိနဲ့ ရွေးချယ်ခြင်းကို ခံလိုက်ရပါတော့တယ်။ အဲဒီတော့ ကျွန်တော်လည်း ဘုမသိ ဘမသိနဲ့ “ရော်….ငါဟာ…မင်းမြင်တဲ့အတိုင်း၊ ကင်မရာ နောက်ကွယ်မှာတောင် အခုမှစပြီး လုပ်ဖူး ကိုင်ဖူးတာမဟုတ်လား၊ ငါဟာ ကင်မရာအရှေ့ဖက်မှာ တခါမှ ထွက်ဖူးတဲ့လူမဟုတ်ပါဘူး၊ အဲ့ဒီတော့ ငါမသိတဲ့ အလုပ်ကို ငါဘယ်လို လုပ်နိုင်မှာတုန်းဆိုပြီး ဆင်ခြေပေးလိုက်မိပါတယ်။ ဒါပေမယ့် မလျှော့တဲ့စိတ်နဲ့ Mr. Alan Clements က ကျွန်တော့်ကို သေသေချာချာ စူးစိုက်ကြည့်ပြီး “ဦးကြီး….နားထောင်ပါ၊ ကျွန်တော် ဒီဥရောပဘက်ကို ခရီးမ ထွက်ခင် နှစ်ရက်လောက်မှာ B.R ဆိုတဲ့ အမေရိကန်ရုပ်ရှင်ဇတ်ကားကို တာဝန်ခံရိုက်ကူးမယ့် ရုပ်ရှင်ဒါရိုက်တာ J.B နဲ့ ညစာ ထမင်းအတူစားရင်း သူမှာလိုက်တာရှိလို့ပါ။ ဥရောပကိုသွားရင် မြန်မာ ရုပ်ရှင် မင်းသား ဖြစ်နိုင်မယ့် သူတယောက် ရှာခဲ့စမ်းပါဆိုတာပါပဲ။ အဲဒါကြောင့် ဦးကြီးလို မြန်မာလူမျိုး ရုပ်ရှင်မင်းသား ဖြစ်နိုင်မယ့်သူတဦး ကျွန်တော် ရှာခိုင်းနေတာပါ။ ကဲ….အခု ဦးကြီးမရှာနိုင်ရင် ကိုယ့်ဖာသာကိုယ် ၀င်လုပ်ပေတော့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကျရောက်လာတဲ့ တာဝန်တခုပါပဲ။ ဒီဝတ္တရားကို ဦးကြီးထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဦးကြီးအနေနဲ့ ငြင်းပယ်နိုင်စရာအကြောင်း မရှိပါဘူး” စသည်ဖြင့် သူက ကျွန်တော့်ကို မိမိရရ အကဲခတ်ထားသူတဦး အနေနဲ့ရော မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးလူထွက်အနေနဲ့ရော နိုင်ငံရဲ့ အရေးတရားကို ရည်လည်စွာ ဟောပြလိုက်ပါတော့သည်။
         ကဲ….အတိုချုပ်ပြောရရင်တော့ သူက ကျွန်တော်ရဲ့ မြန်မာယဉ်ကျေးမှု အခမ်းအနားဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံနှစ်ပုံကို ယူသွား၊ အမေရိက တိုင်းပြည် Los Angeless မြို့ Bervely Hills မှာရှိတဲ့ Mr.J.B ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးရုံးကိုဝင် Mr.A.C ကပဲ ကျွန်တော်ရဲ့ ဓာတ်ပုံနှစ်ပုံကိုပြပြီး မိတ်ဆက်ပေး၊ Mr.J.B နဲ့အတူ သူ့ရဲ့ရုပ်ရှင် လုပ်ငန်းအဖွဲ့သားများက ကျွန်တော့ဓာတ်ပုံများကို ကြည့်ကြပြီး သဘောကျကြ၊ ပြီးတော့ ကျွန်တော့ထံကို သူတို့ Fax ပို့၊ တယ်လီဖုန်းဆက်၊ ရုပ်ရှင်ဇတ်ကားရဲ့ ဇတ်ကောင်အတွက် သူ တို့ရဲ့ညွှန်ကြားချက်တွေနဲ့ စမ်းသပ်ခွင့်ပေး၊ ကျွန်တော့ကို သူတို့အားလုံး တိပ်ခွေေ ပါ် မှာ မြင် ဖူး ကြ ပြီ။ နောက်ဆုံးတော့ Mr.J.B ကိုယ်တိုင် ကျွန်တော့အိမ်ကို တယ်လီဖုန်းဆက်ပြီး ရှင်းပြပြော ဆိုပါတော့တယ်။ အဲဒီနောင် မကြာခင် ၂ ရက်၊ ၃ ရက် လောက်မှာပဲ Mr.J.B ရုံးမှ ကျွန်တော့်ကိုအမေရိကသို့ လာရောက် ဖို့ရန် ဖိတ်ခေါ်လိုက်တော့တာပါပဲ။
         ကျွန်တော်လည်း ကိုယ့်အလုပ်ကတဖက်၊ ပြင်သစ်ရုပ်မြင်သံကြား ၃ လိုင်း မှ ဒေါ်စုကို ဂုဏ် ပြုသော မှတ်တမ်း တင်ဇာတ် ကားအ တွက် ကူညီရမှုကတဖက်၊ မမျှော် လင့် ဘဲ နောက် ထပ် ပေါ်လာတဲ့အမေရိကန်ရုပ်ရှင် B.R စီမံကိန်းအတွက် အမေ ရိကကို ထွက်ခွာ သွားရ မယ့် ကိစ္စ ကတဖက်နဲ့ စိုးရိမ်သောက ဗျာပါရတွေ များ ရပါတော့တယ်။ အဲဒီ လို ကြောင့်ကြဗျာပါရတွေများရင်နဲ့ပဲ ဒါရိုက်တာ Mr.J.B တို့ မိသားစုတည်းခိုနေသော Santa-monica မှာရှိတဲ့ တည်းခို ရိပ်သာ သို့ ရောက် ခဲ့ ရလေပြီ။ ကျွန်တော်မသိသေးခဲ့တဲ့ နာမည် ကြီး လှသော ဒါရိုက်တာ Mr.J.B ကိုလည်း ကိုယ်တိုင် ကိုယ် ကျ တွေ့ဖူးမြင်ဖူးရပါပြီ။ “အင်း….ငါဟာ အိမ်မက် မက်နေ သူ လား….စိတ်ကူးယဉ်ပြီး စိတ်လွင့်ပါးနေ သူလား…. ငါ ဘာတြွေ ဖစ်နေပါလိမ့်…” ဆိုပြီး ကိုယ့် ကိုယ် ကိုယ်တောင် အောင်ကိုမှ ဟုတ်ပါသေး ရဲ့လား လို့ ရေရွတ် မိရ ပါတယ်။ အပြောင်းအလဲ အဖြစ်သနစ်တွေက မြန်ဆန်လွန်းလို့ ငါဘယ်သူဖြစ်မှန်း စမ်းတ၀ါးဝါးဖြစ်နေရပေမယ့် ငါလုံး ၀မသိ နားမလည်ခဲ့သော တာဝန်နဲ့ တာဝန်ပေးတော့မယ့် လူကြီး တယောက်ရဲ့ ရှေ့မှောက်မှာတော့ တကယ်ပဲကျရောက်နေပါပြီကော ဆိုတာကို သံသယ ကင်း မိပါတယ်။ ငါရုပ်ရှင်မင်းသား ဖြစ်ဖို့ရန် လမ်းစပေါ်ပြီ။ အဲဒီလမ်းပေါ်မှာ ငါလျှောက်နိုင်ပါ့မလား….ခင်းလာတဲ့လမ်းပေါ်မှာ ငါတည့်တည့်မတ်မတ် မလျှောက်နိုင်ရင်တော့ ငါမြောင်းထဲရောက်ရရုံပဲပေါ့။ ကဲ….ငါဟဲ့ ငါ….ခိုင်း တာကိုတော့ လုပ်တတ်ပါတယ်ကွ! တရားသော ဓမ္မမာနကို အားကိုးတတ်တဲ့ငါလူသား!
         ညနေရောက်မနက်မှာလုပ်ငန်းစရပြီ။ ရုပ် ရှင် ဒါရိုက်တာရဲ့ဟိုတယ်တည်းခိုခန်း၊ သူ ရဲ့ေ မာ်ေ  တာ် ကား၊ Beverly Hills က သူ့ရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းတို့ဟာ ကျွန်တော့် ရုပ်ရှင် မင်းသားဖြစ် ဖို့ လေ့ကျင့် ခန်းဌာ နတွေ ဖြစ်လာရပါတော့တယ်။ ၃ ရက်ပိုင်းလောက် လည်း ရောက်လာရော ဒါရိုက်တာ မိသားစုတို့နေ ကြတဲ့ ဟို တယ်ခန်းထဲမှာပဲကျွန်ေ တာ် ရောက် ရှိလာပြီးနောက် ဒါရိုက်တာ က သူ့ ရဲ့ ဇ နီး သည်ကို ငြင်ငြင်သာသာနဲ့ ခေါ်လိုက်ပြီး ကျွန်တော်ရဲ့ ဘေးတဖက်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဒါရိုက်တာက ကျွန်တော့်ကိုကြည့်ပြီး “အောက်ကို သင်ထားတဲ့ အတိုင်းလုပ်ပြစမ်းပါ” လို့ လည်းပြောလိုက်ရော ကျွန်တော့မှာ “ခက်ပြီကော….ငါစိတ်တွေ တုန်လှုပ် ကုန်ပြီ ၊ ရော ယှက် ကုန် ပြီ၊ ချောက်ချားကုန်ပြီ အရပ်ကတို့ ….” လို့သာ ဟစ် အော် လိုက်မိချင်ပါတော့တယ်။ “အင်း….ခိုင်း 
လာတော့လည်း ငါလုပ်ရမှာပဲပေါ့” ဆိုပြီး ကျွန် တော် လုပ်ပြလိုက်ပါတော့တယ်။ဒါပေမယ့်ကျွန်တော် လုပ်ပြတာက အံဝင်ဂွင် ကျမြ ဖစ် ၊ စောင့် ကြပ် ကြည့်နေ သူ ဒါရိုက်တာက စိတ် တိုင်း မ ကျ။ သူခမျာမှာလည်း စိတ်လှုပ်ရှားလာစဖြစ်ရပြီ။ “အောင်ကို၊ အောင်ကို” လို့ခေါ်ပြီး သူ့မှာအားမလို အားမရ ဖြစ်ရလေလေ၊ ကျွန်တော့မှာ ကြောက်စိတ်တွေနဲ့ ရင်ဖို လာ ရလေလေ ဖြစ်ပါတော့တယ်။ “အင်း … .  နောင်ဆုံးတော့ ငါဝန်ခံမှပဲဖြစ်တော့မယ့် ကိစ္စပါ ပဲလေ” လို့ သဘောပေါက် လိုက်ပြီး “John …. ကျွန်တော်တခုတော့ ၀န်ခံပါရစေ၊ ကျွန်တော် တို့ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ဆိုရင် အခုလို ကိုယ့်မိန်းမ မဟုတ်တဲ့ အမျိုးသမီးတဦးကို သူ များတွေ ရဲ့ ရှေ့မှောက်မှာ ကိုင်တွယ်ထိကပ်ရမှာ အလွန်ဝန်လေးကြပါတယ်။ အထူးသဖြင့် လင်ရှိမိန်းမတဦးကို သူ့ရဲ့ လင်ယောက်ျားရှေ့မှောက်မှာ သူ့ကို ကိုင်တွယ်ထိကပ်ရမယ်ဆိုတော့ ပိုလို့သာခက်ခဲလှပါတယ်” ဟူ၍ ကျွန်တော်က ရိုးသားစွာ ရှင်းပြလိုက်တော့မှ ဒါရိုက်တာ J.B လည်း သတိရ သဘောပေါက်ပြီး အားရပါးရ   

 ရယ်မောလိုက်ပါတော့တယ်။ကျွန်တော် အနေနဲ့ ကြောက်ရွံ့ စိတ်ကိုဘန်ြး ပ ပြီး   ချော် လည်းရော ထိုင် လုပ်တာ မဟုတ် ပါဘူး ဆို တာ သူ သိမှာပါ။သူ့အမြင်ကတော့ သူ  ႕ေ ရွ ႕ေ မှာက် မှာ ရှိနေကြတဲ့ သတ္တ၀ါနှစ်ဦးဟာ  သူ ရဲ့ မင်း သမီး နဲ့ မင်း သားတွေပဲဖြစ်တယ်လို့သာ သူ သဘော ပိုက် ထားကြောင်း ကျွန်တော်တွေးဆမိရပါတယ်။ တာဝန်ကို တာမြင် တတ်တဲ့ ဆ ရာ ကြီး ပဲ ကိုး လို့….ကျွန်တော်ထင်မှတ်မိရပါတယ်။ 
         ဒါနဲ့ ၄-၅ ရက်ပိုင်းလောက်လည်းရောက်လာရော အတည်ပြုဖြစ်ပြီးတဲ့ နံမည်ကြီး Hollywood (ဟောလီးဝုတ်) ရုပ်ရှင်မင်းသမီး Patricia Arquette ကို ဖိတ်ခေါ်ကြပြီး ဟိုတယ်တွင်း ခန်း မ ကြီးတခုတည်းမှာပဲ ကျွန်တော်နဲ့အတူ၊ ဇတ်တိုက်ခြင်း သို့မဟုတ် စမ်းသပ်ခြင်းကို လုပ်ကြပါတယ်။ ချောလှသော ရုပ်ရှင်မင်းသမီး P.A ရဲ့ မဓာတ်နဲ့ မင်းသမီး အငွေ့လှိုင်းမှာ မျောပါရန် အနီး ကပ် ခံရပြန်တော့ ကျွန်တော့်မှာ ပိုလို့သာ အနေရခက်ရပြန်ပြီပေါ့။ အော်…. ကျွန်တော့်အတွက် ရင်ခုန် နှလုံးတုန် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းက ဒီလိုပါ။
         ကျွန်တော် L.A ကိုရောက်ရောက်ခြင်း ဒါရိုက်တာ J.B က ကျွန်တော့်ကို လေ့ကျင့်ရန် သင် ကြားပို့ချပေးခဲ့တဲ့ ဇတ်ကွက်ကြောင့်ပါ။ အဲဒီ ဇာတ်ဝင်ခန်းက တခြားမဟုတ်ပါဘူး။ B.R ရုပ်ရှင်ကားထဲမှာ မြင်ကြရတဲ့ ကျွန်တော့်ပေါင်ပေါ် မှာ  သေနတ်ဒဏ်ရာနဲ့ ငန်းဖျားတက်၊ စိတ် က ယောင်ချောက် ချားဖြစ်၊ လူနာရဲ့ အပူချိန်တက်လာလို့ ငန်းဖမ်း လာ၊ သတိရတချက် မရတချက်ဖြစ်၊ ကိုယ့်ရှေ့မှောက်မှာရှိနေတဲ့ မိန်းမ(မင်းသမီး) ကို ကိုယ့်မိန်းမထင်၊ အမြင်မှားပြီး သူ့(မင်းသမီး)ကို ကိုင်တွယ်ပွတ်သပ် ထိကပ်အားယူ၊ ကယောင်က တမ်း၊ ရှေးဟောင်းနှောင်းဖြစ် ချစ် စကားဆို၊ ငိုယိုမြည်တမ်း၊ သတိလစ်ပြီး သတိပြန်ရလာတဲ့အခါ၊ ထိုမိန်းမ(မင်းသမီး)ကို ကိုယ့်ဇနီး ကိုယ့်မိန်းမ မဟုတ်မှန်းသိရတော့ ရှက်ကြောက်လေးစားတဲ့စိတ်နဲ့ မျက်နှာလွှဲခါ “ငါသေပါရစေ” လို့ ခွင့်လွှတ်တောင်းပန်စကားပြောကြား မှတ်တမ်းတင်ရတဲ့အခန်းပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းထဲမှာ ရေးထားတာမဟုတ်ဘဲ ကိုယ်ဖာသာကိုယ် လုပ်ပြရတဲ့ ဗမာလူမျိုး ဇနီးမောင်နှံတို့လို ဗမာလိုပြောရပြီး သရုပ်ဆောက်ရတဲ့ ဇာတ်ကွက်တခုဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ အကုန်မပြပါဘူး၊ ဖြတ်ထားလိုက်ပါတယ်။
         ဒါနဲ့ပဲ….( Final Screeninf Test ) နောက်ဆုံးစမ်း သပ်တဲ့ နေ့ကို ရောက်လာပါတော့တယ်။ ဒါရိုက်တာ ကိုယ်တိုင်မောင်း တဲ့ မော်တော်ကားနဲ့ ကျွန်တော်တို့ Hollywood Universal Studios ကို ရောင်ရှိခဲ့ကြပါပြီ။ ကျွန်တော်လည်း ဟောလီးဝုတ်လေကို ရှူရှိုက်မိရပါပြီ။
         ဟုတ်မှဟုတ်ပါလေစ….၊ ငါဘယ်ရောက်နေပါလိမ့်။ C.B.S ကင်မရာအဖွဲ့ကလည်း ရိုက် ကွင်းအတွက် ပြင်ဆင်နေကြပြီ။ ဒါရိုက်တာများ၊ အကဲခတ် စောင့်ကြပ်ကြည့်မယ့်လူများ စသည့်ဖြင့် အားလုံးပေါင်းလိုက်ရင် လူပေါင်း(၃၀)လောက် ရှိလိမ့် မယ်ထင်ပါတယ်။
         “ကဲ….အားလုံးအဆင်သင့်ဖြစ်ပြီ” တဲ့။
         ရုပ်ရှင်မင်းသမီးအစစ်နဲ့ ရုပ်ရှင်မင်းသားမဟုတ်သော ရုပ်ရှင်မင်းသား ကျွန်တော့ကို သူတို့နေရာချကြပြီ။ ကြောက်ရွံ့သောစိတ်၊ စိုးရိမ်သော စိတ်တို့ကလည်း ကျွန်တော့်ကို အနိုင်ယူဖို့ ပြင်ဆင်နေကြပြီ။   



         မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ဘ၀မှာတော့ ကျွန်တော့်အတွက် တခါမျှမကြားဖူးသေးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာတဦးရဲ့ အမိန့် အက်ရှင်! ပြီးတော့…ကတ်! ဆိုတဲ့ အော်ပြောသံတွေကိုလည်း အခုကြားဖူးနေရပါပြီ။ ၃-၄ ကြိမ်လောက်တောင် ရှိသွားပြီဟု ထင်မှတ်မိရပါပြီ။ ဒါပေမဲ့ ….ကျွန်တော်ကတော့ တုန်တုန်ရီရီ ဖြစ်နေရတုန်းပါ။ “အကြံကုန် ဂဠုန်စားချက်” သဘောလားတော့ ကျွန်တော်မသိ။ အနားပေးတဲ့ အချိန်တချိန်မှာတော့ ဒါရိုက်တာ J.B က မင်းသမီး P.A ကို ကျွန်တော်ရဲ့ရှေ့မှောက်မှာပဲ ဤသို့ပြောကြားလိုက်တာကို ကျွန်တော်ကြားမိလိုက်ရပါ၏။
         “ဒါလင်….အောင်ကိုကို တခုခုလုပ်လိုက်စမ်းပါကွယ်” တဲ့လေ။
         အင်း….သူတို့အချင်းချင်းကတော့ နားလည်သဘောပေါက်ကြပုံ ရရှိသွားကြပါပြီ။ ကျွန် တော် ကတော့ ဘာရယ်လို့ ဘာကိုဆိုမှန်း တိတိလင်းလင်းမသိသေး။ သို့သော်လည်း အဲ့ဒီတော့မှပဲ မင်းသ မီးကိုယ်တိုင်ကပါ ကျွန်တော်ကို သက်ညှာတဲ့အကြည့်၊ ချိုသာတဲ့စကားတွေနဲ့ ပြောဆိုလာပါတယ်။
         “အောင်ကို  ငါ့အတွက် ဘာမှမပူနဲ့၊ ကြောက်စရာ ရွံ့စရာ ဘာမှမရှိဘူး။ အားနား စရာလည်းမလိုဘူး၊ ကိုယ်လုပ်ပြရမယ့် အလုပ်ကိုသာ အကောင်းဆုံးဖြစ်သွားအောင် လုပ်ပြလိုက်ပါ” ရယ်လို့ ပြောလာတဲ့ အားပေးစကားပဲ ဖြစ်ပါတယ်။ သည်တော့မှ ကျွန်တော်လည်း “မှိုရတဲ့မျက်နှာ” နဲ့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး “ အော်….ငါဟာ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်တဲ့ငါပါကွာ”  လို့ ကိုယ့်ကိုယ်ကိုပြန်ပြီး အမွှန်းတင်မိလိုက်ပါတယ်။ မင်းသမီးနဲ့ ကျွန် တော် ရင်းနှီးမှုရလာစ ပြုပြီလို့လည်း မှတ်ကျေုာက်တင်လိုက်ပါတယ်။
         ကဲ….ဒီတခါ အလုပ်ပြန်စတော့ ကျွန်တော်လည်း ရုပ်ရှင်လူပါးအနည်းငယ်စ၀လာလို့လားမသိ၊ တခုတည်းသောစိတ်ကို တခုတည်းသောနေရမှာသာ ထားလိုက်ဖို့ရန် စိတ်ကူးပေါက်ခဲ့ပြီ။ ဟိုစိတ် တွေကို မေ့ပျောက်သွားရန် ဒီစိတ်တခုတည်းသာ အားတင်းထားလိုက်မိပြီ။ ဒါရိုက်တာအော်မဲ့ “အက်ရှင်!” ဆိုတဲ့ အသံတခုတည်းကိုသာ  ကြားရဖို့ ကိုယ့်စိတ်ကိုကိုယ် ဒုန်းဒုန်း ချ ဆုံး ဖြတ် မိ လိုက်ပါပြီဆိုတာပါပဲ။  ဒီလိုသတ်မှတ်ချက် စိတ်အာရုံကို စွဲထားမိလိုက်တာနဲ့ပဲ ကျွန်တော်ဟာ ကင်မရာ၊မီး၊စကားပြောခွက်၊အနီးကပ်စောင့်ကြပ်ကြည့်ရှုနေကြတဲ့ ဒါရိုက်တာတွေစသဖြင့် လူအုပ်ကြီး တခုလုံး ကို မေ့ပျောက်ပစ်နိုင်တော့တာပါပဲ။ တခုတည်းသော သတိရရှိမှုမှာကတော့ ကျွန်တော်က လူမမာ၊ ကျွန်တော့်အပေါ်မှာ ကြင်နာ မှုအပေါင်းနဲ့ အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ မင်းသမီး တ ယောက်တည်းပဲ၊ သူကလွဲလို့ ရုပ်ရှင်လောကကြီးတခုလုံးကို ကျွန်တော် ဥပေက္ခာ ပြုလိုက်ပါပြီ။ မင်းသမီးရဲ့ ကြင်နာတတ်သောမေတ္တာ၊ စာနာတတ်သောဂရုနာတို့နှင့် သူ့ရဲ့နှလုံးသား အငွေ့ ဓာတ်အာဝါသ အရိပ်အောက်မှာ “ကိုအောင်….ကိုအောင်….” လို့ အနားကပ်ခေါ်လိုက်တဲ့ သူ့ရဲ့အသံ ကို ကြားလိုက် ရ တာပါ ပဲ။ နူးညံ့သိမ်မွေ့ချိုသာလှပြီး သာယာလွန်းလှတဲ့ သူ့ရဲ့အသံနဲ့ နွေးထွေး မှု အောက်မှာ ကျွန်တော့်ရဲ့စိတ်အလုံးစုံဟာလည်း လှုပ်ရှားရိုက်ခတ်သွားရပါသည်။
         ဒီတခါမှာတော့ ကျွန်တော့ဘက်က စိတ်ရောကိုပါ ပေးအပ်မှုနဲ့ ပြည့်စုံသွားရလို့လား ကျွန်တော်မသိ။ ဒါရိုက်တာ J.B ရဲ့ “ကတ်!” ဆိုတဲ့အော်သံကို ကြားလိုက်ရပြီးတဲ့နောက် တဆက်တည်းမှာပဲ ကျွန်တော်ဟာ ဒါရိုက်တာ J.B ရဲ့ ရင်ခွင်ထဲကိုရောက်နေပြီး သူက ကျွန်တော့ကျောကိုပွတ်သပ်လို့ နှစ်သိမ့်အားပေးနေတာကိုပါ ရရှိပါတော့တယ်။
         ကဲ….အခုမှပဲ အဲဒီ“အက်ရှင်!”၊“ကတ်!”ဆိုတဲ့ ဒါရိုက်တာရဲ့ အော်သံတွေအစား “Terrific !”၊“Terrific !” ဆိုတဲ့ သူတို့ရဲ့ ချီးမွမ်းသံတွေကို ကြားနေရပါတော့တယ်။ ကျွန်တော်ကတော့ နွမ်းနယ်နေသေးတဲ့စိတ်၊ ပင်ပမ်းပျော့ခွေနေတဲ့ခန္ဓာကိုယ်ကို ကွပ်ကဲထိန်းချုပ် ချွန်းအုပ်လျက်က အလုပ်ရဲ့အဖြေကို စဉ်းစားရှာဖွေနေခဲ့ရဆဲ ပါပဲ။ အော်…. ဤတာဝန်ဝတ်တရားက၊ ဤတာဝန်ဝတ်တရား ထမ်းဆောင် ရမယ့်သူကို ရွေးချယ်ထားမိပြီဆိုရင်တော့၊ ကျွန်တော် ကျွန်မ မလုပ်နိုင်ပါဘူး၊ မလုပ်ချင်ပါဘူး၊ မလုပ် တတ်ပါဘူးရယ်လို့ ငြင်းပယ်ပြီး ခေါင်းရှောင်တာမျိုး မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်း ကျွန်တော် သဘောပေါက်မိပါပြီ။ ဤသည့်အခါတွင် သည့်  ရွေး ချယ်ခြင်းကပဲ၊ ဤသည့်တာဝန်ဝတ္တရားကို မပျက်မ ကွက် ကျေ ပွန် စွာထမ်းေ ဆာင်နိုင် ရန်၊ ညွန်ကြား ပြသဦးဆောင်ပြုပြီး ခေါ်ဆောင်သွားတော့တာပါပဲရယ်လို့လည်း ကျွန်တော်မှတ် ချက် ချ မိ ရပါပြီ။
         ရုပ်ရှင်လောကမှာ ဇာတ်ညွှန်းသိမှ ဇာတ်ကောင်သိရ၊ ဇာတ်ကောင်သိမှ ဇာတ်ဆောင်သူကို သိရတယ် မဟုတ်လား။ စိတ်ထဲမှာ ဇ၀ိုးဇ၀ါး မရှိရလေအောင် ဇာတ်လမ်းရဲ့ နိဒါန်းကို  အကျဉ်းချုံးပြီး တင်ပြလိုက်ပါရစေ။
         ဒီလိုပါ။ ဇာတ်ညွှန်းထဲမှာပါတဲ့ ဇာတ်ကောင်ရဲ့ နာမည်အရင်းက “ကိုအောင်” ဖြစ်ပါတယ်။ ရုပ်ရှင်စရိုက်နေတုန်းအခါကျမှ “ကိုအောင်” ကနေ “အောင်ကို” ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီတော့ ဇာတ်ကောင် “အောင်ကို”၊ ဇာတ်ဆောင်“အောင်ကို” ဖြစ်သွားရတာပေါ့။ ရုပ်ရှင်ဒါရိုက်တာရဲ့ အလိုဆန္ဒနဲ့ပဲဖြစ်ပါတယ်။ ဇာတ်ကောင်အရင်းဟာ မြန်မာလူမျိုး၊ အသက်(၅၅)နှစ်ခန့်ရှိသူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်ဆည်းကပ်သူ၊ တရားဘာဝနာ အားထုတ်သူ၊ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ ပြည့်ဝသူကို ဆိုလိုတာပါပဲ။ အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်သူ၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ သင်္ချာပါမောက္ခဖြစ်သူ၊ ၁၉၈၈ ခုနှစ် ကျောင်းသားများအရေးအခင်းမှာ တပည့်ဖြစ်သူများကို ကူ ညီစောင့်ရှောက် အကာအကွယ်ပေးသူ သည့်အတွက်ကြောင့်ပဲ အလုပ်မှ အထုတ်ခံလိုက်ရပြီး ထောင်ဒဏ် ၂ နှစ် အကျခံရသူ၊ ၀င်ငွေမရှိတော့လို့ မကျန်းမမာဖြစ်နေတဲ့ ဇနီးသည်ရဲ့ အသက် ကိုတောင် မကယ်နိုင်လိုက်တဲ့သူ၊ သမီးနဲ့မြေးကလေးကို ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်း တခုမှာ ထားခဲ့ရသူ၊ အဲ့ဒီ သမီး နဲ့မြေး တို့ နေ ထိုင် စားသောက်မှုစရိတ် ပို့ပေးနိုင်မှုအတွက် ရန်ကုန် မြို့ မှာနေပြီး ကမ္ဘာလှည့် ခရီး သည်တွေကို မြန်မာပြည်တွင်းအနှံ့ လိုက်လံပြသသူအဖြစ်နဲ့ အသက်မွေး ၀မ်းကျောင်းနေရသူဖြစ်ပါတယ်။
         အထူသဖြင့် ကျွန်တော် A.C ထံကနေ ကြားဖူးခဲ့တဲ့ စကားကတော့ ဒါရိုက်တာ Mr.J.B ဟာ အထက်ပါအရည်အချင်းများနဲ့ ပြည့်စုံသူ မြန်မာလူမျိုးစစ်စစ်တဦးကို ရှာဖွေနေခဲ့ကြောင်းပါပဲ။ ရုပ်ရှင်မင်းသား အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းသူမဟုတ်ဘဲ၊ ရုပ်ရှင်မင်းသားဖြစ်အင်နဲ့ သရုပ်ဆောင်နိုင်မယ့်သူ အနုပညာရှင်တဦးကို အလိုရှိကြောင်းပါပဲ။ အဲဒါကြောင့်မို့လည်း ဒါရိုက်တာ J.B ဟာ ကျွန်တော်နဲ့စတွေ့ပြီးကတည်းက မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေး မှုနဲ့ပတ် သတ် ပြီး မေးခွန်းတွေထုတ်ခဲ့ပါတယ်။ ကျွန်တော်လည်း ဖြေနိုင်သမျှ ဖြေခဲ့ရပါတယ်၊ ဆွေးနွေးခဲ့ရပါတယ်။ သူ့ရဲ့လို ရင်းဆန္ဒကတော့ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုရဲ့ အဆီအနှစ် (သို့မဟုတ်) အမွေအနှစ်ဖြစ်တဲ့ အကြမ်းမ ဖက် တဲ့ နည်း လမ်း နဲ့ နေထိုင်စားသောက်မှုစနစ်ကို သူ့ရုပ်ရှင် ကား ထဲ မှာ ဖော်ပြလိုတာပါပဲ။ ဥပမာ တခုပြရမယ်ဆိုရင် မင်းသမီးက ရှိုက်ကြီးတငင် ၀မ်းနည်းကြေကွဲတဲ့ ရှိုက်ငို သံများနဲ့ သူ့ခင်ပွန်းနဲ့ သားဖြစ်သူတို့ အသက်ဆုံးရှုံးခဲ့ရတာကို ပြောလာတဲ့အခါမှာ  ကျွန်တော် ကသူ့ ကို ချော့ရနှစ်သိမ့်ရမယ့် ရိုက်ကွက်ပါပဲ။
         ဒီနေရာမှာ ဒါရိုက်တာအကြိုက်က သူ့ကို ကျွန်တော်က ယောက်ျားနဲ့ မိန်းမတို့နှစ်ဦးအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝကို အသားချင်းထိကပ်ပြီး ဘရုပ်ဆောင်စေချင်ခဲ့တာပါပဲ။ ကျွန်တော့် ဘက်က ကြည့်ရပြန်တော့ အဲ့ဒီလိုအသားချင်းထိတွေ့ပြီး သူကိုချောမောနှစ်သိမ့်ဖို့မှာ အလွန်ဝန် လေးနေပုံ ဖြစ်ခဲ့ရပါတယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားချက်ကို ငြင်းပယ်ချင်လို့လည်းမဟုတ်၊ သူ့ဆန္ဒကို ကန့်ကွက်ချင်လို့လည်းမဟုတ်။ မင်းသမီးကို မဖတ်ချင်တဲ့ ကိစ္စလည်းမဟုတ်။ အမှန်တကယ်တော့ ကျွန်တော့်ကို အဲဒီလို အသားချင်းထိတွေ့ပြီး ဖက်ယမ်းနမ်းရှုံ့မှုကိုပြုပြီး သရုပ်ဆောင် ရန် မသင့်ကြောင်းကို တခုခုသောအရာက လှုံ့ဆော် တားမြစ်ထားသလို ခံစားနေခဲ့ရတာကြောင့်ပါ။ အဲ့ဒီလို ခံစားနေခဲ့ရတဲ့ တွေ့ကြုံမှုမျိုးကို ပကတိအားဖြင့် တိတိ လင်း လင်း ရှင်းပြဖို့တော့ ကျွန်တော် မတတ်နိုင်ပါ။ အဲဒီလို ပကတိ မျက်စိနဲ့မမြင်အပ်မမြက်နိုင်တဲ့ ပိတ်ပင်တားဆီးမှုတခုကြောင့်နဲ့ပဲ ကျွန်တော်ဟာ မင်းသမီးသရုပ်ဆောင်နေတာနဲ့ ညီညွတ်ကိုက်ညီသွားအောင်၊ ချိတ်ဆက် မိ သွား အောင်၊ အလားသဏ္ဏာန် တူညီ သွားအောင်၊ “corresponding” ပဲပေါ့လေ။ အဲဒီအ ချက်အ လက် တွေ ကို အရေးထားဦးစားပေးပြီး လုပ်ရတဲ့ အလုပ်မျိုးဆိုတော့ ကျွန်တော်လည်း ဒါရိုက်တာရဲ့အလိုကျ သူနဲ့ထပ်တူထပ်မျှ ၀မ်းနည်းကြေ ကွဲလှတဲ့အကြည့်၊ တစ်ဆို့တုန်လှုပ်အက်ကွဲလှတဲ့ အသံနေ အသံထားတို့နဲ့ ကိုယ်ပြန်ပြောရမယ့် စကားရပ်ကို ပြန်ပြောလိုက်ရတာပါပဲ။ အဲဒီကျတော့မှပဲ ကျွန်တော့အနေနဲ့ မင်းသမီးကို ကိုယ် ချင်းနှင်း အပ်ခြင်း မပြုဘဲ မျက်စေ့အကြည့်ချင်းဖလှယ်ခါ နှစ်သိမ့်ပုံကို ဒါရိုက်တာ J.B ကိုယ်တိုင် သဘောကျ သွား ပြီး နှစ်သက်ကျေနပ်သွားပုံ ရရှိသွားပါတော့တယ်။
         ဒါပေမယ့်….ဒါပေမယ့်….သဒ္ဓါလိုလျှင် တဏှာဖြစ်သည်။ တဏှာလွန်လျှင် ဘယာဖြစ် သည် ဆို တဲ့ ရှေးဟောင်း စကားအတိုင်းပဲ ဖြစ်ပါလိမ့်မယ်ထင်ပါရဲ့။ ဒါရိုက်တာ J.B ဟာ လုံးဝစိတ်တိုင်းကျ မဖြစ်ရတာနဲ့ဘဲ နှစ်ရက်လောက်အကြာမှာ ကျွန်တော့်ကိုခေါ်ပြီး ဆွေးနွေးတိုင်ပင်ပြန်ပါတော့တယ်။ “မင်းသမီးလက်ကိုတောင် ကိုင်လို့မရဘူးလား” ရယ်လို့ စတင် ပြီးတော့ မေးခွန်းထုတ်လိုက်ပါတယ်။ ကျွန်တော်ကလည်း “မင်းသမီး ငိုတာကြောင့် ကျွန်တော်ကပါ လိုက်ငိုရမှာလား” ရယ် လို့ ပြန်လှန်မေးလိုက်မိပါတယ်။ အဲဒီတော့ သူက “ နိုး….နိုး….နိုး….အောက်ကို မငိုသင့်ဘူး” လို့ အဖြေပေး လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော်ကပြန်ပြီး ဒီလိုဆင်ခြေပေးလိုက်မိပါတယ်။ “မင်းသမီး လက်ကို ကျွန်တော်ကိုင်ရင် ရုပ်ရှင်ကြည့်ပရိသတ်က ထင်ကြမှာပေါ့၊ ဒီလူကြီး မင်းသမီးလက်ကိုကိုင်ပြီးရင် ထုံးစံအ တိုင်း ကျား-မ တို့ရဲ့ သဘာဝအရ ဖက်ယမ်းနမ်းရှုံ့၊ ရာဂတဏှာပွားများတဲ့ အလုပ်မှာ သာ ပျော်မွေ့တတ်တာပဲရယ်လို့ သမုတ်ကြပြီး စွပ်စွဲချက်တင်ကြတော့မှာပေါ့။ အသည်းခိုက်အောင် ၀မ်းနည်းကြေကွဲ၊ စိတ်နှလုံး တုန်လှုပ်ချောက်ချားနေပြီး ငိုကြီးချက်မနဲ့ ဒုက္ခဆင်းရဲကိုခြင်းကို ခံစားနေရတဲ့ သူတဦးကို ချော့မော့အားပေး နှစ်သိမ့်စေလိုတဲ့အခါမှာ အသားချင်မထိ၊ ကိုယ်ချင်းလည်း နှင်းအပ်မှုမရှိဘဲ အနားမှာရှိနေခြင်းနဲ့ ကိုယ်ချင်းစာနာမှုတရားကို ထောက်ထားပြသပြီး ကျေနပ်နှစ်သိမ့်စေနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေး မှုဖြစ် တဲ့ ဗြဟ္မစရိယ၊ ဗြဟ္မစိုရ်တရားအတိုင်း ကျွန်တော် တင်ပြနေတာပဲ ဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ….ဆိုတဲ့ တရားလေးပါးကို လိုက်နာကျင့်သုံးခြင်းပဲပေါ့။ အဲဒီ ဗြဟ္မ၀ိဟာရတရားများကို လက်ကိုင်ထားပြီး ဖိုမသတ္တ၀ါတို့ရဲ့ လိင်ကိစ္စတွေကို ရင်ဆိုင်နိုင်ကြမယ်ဆိုရင်တော့ ဖောဋ္ဌပ္ပ(ဖွတ်တပ္ပ)အတွေ့မှာ ဖောဋ္ဌပ္ပရုံ ထိတွေ့မှုအာရုံကို ထိန်းချုပ်ကွပ် ကဲနို င် ပြီး နှလုံးသားရဲ့ စေခိုင်းရာကို လွယ်ကူစွာနဲ့ အလို လိုက်ခြင်း မလုပ်တော့ ဘူးပေါ့။ နှလုံးသားရဲ့တောင်းဆိုမှုကြောင့် တဏှာချစ်ခြင်းဖြစ်ရပါသည်။ တဏှာချစ်ခြင်းဖြစ်ရတာကြောင့် ဒုက္ခ ဆင်ရဲခြင်းရပါတယ်။ ဒုက္ခချစ်ခြင်းဖြစ် ရတာကြောင့် ရှေး သံ သ ရာ လည် ရခြင်းနောင်သံသရာလည်ရခြင်းများ ဖြစ်ရပါတယ်။ အခုလည်းပဲ ဒီ B.R ရုပ်ရှင်ဇာတ်ကားထဲက မင်းသမီး LAURA ရဲ့ ဖြစ်အင်ဟာ တဏှာ ချစ်ခြင်းနဲ့ပဲ ပြန်လည်ဆက်ဆံမယ်ဆိုရင် အဲဒီတဏှာချစ်ခြင်း ဒုက္ခဆင်းရဲခြင်း ပင်လယ်မှာ ဆက်ခါ ဆက်ခါ မျှောပါရရုံပဲရှိတော့မပေါ့။ “ဗျာပါမကင်း ကိုယ်တွင်းမသက်သာ” ဆိုတဲ့ ဆုံးမစကားအရ စိုးရိမ်သော က ဗျာပါရ၊ စိတ်ပူပန်ကြောင့်ကြ အပင်းပန်းခံရခြင်း ဗျာပါရတွေနဲ့ တဏှာချစ်ခြင်း ဘ၀သံသရာမှာ အခုဘ၀ မှာ လည်ရသ လို နောင် ဘ၀တွေမှာလည်း အဲ့ဒီ ဗျာပါသောကမီး တောက်လောက်ခြင်းနဲ့ ပရိဒေ၀မီး အပူဒဏ်ကို ဆက်ခါဆက်ခါ ခံရရင်း လည်ပတ်နေ ရအုံးမယ်ဆိုတာပါပဲ။ “နှလုံးသည်းအူ ဗျာလောင်ဆူအောင် အလွန်ပူပန်၊ အလွန်ပူဆွေးရချေရဲ့” ဆိုသော ညည်းညူ သံတွေဟာ၊ ဗြဟ္မစိုရ်တရားများကို အခြေခံတဲ့ ၅၂၈ မေတ္တာအရ အကြင်နာ၊ ဂရုဏာ၊ မေတ္တာ၊ စေတနာမဟုတ်သော ၁၅၀၀ တဏှာချစ်ခြင်းကြောင့် သာ ဖြစ်ပါတယ်။
         အဲဒီလို မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်ကို အခြေခံပြီး ကိုယ်မှတ်သား သိထား သလောက်နဲ့ တင်ပြဆွေးနွေးတိုင်ပင်ပြီးတဲ့အခါ ဒါရိုက်တာ J.B ဟာ ကျွန်တော်ပြောဆိုရမယ့် စကားလုံးများကို ဤသို့ ပြန်လည်ရေးသားလိုက်ပြီး ရိုက်ပြီးသားဇာတ်ကွက်ကို တဖန်ပြန် လည် ရိုက်ခဲ့တာ ဖြစ်ပါတယ်။
         AUNG KO
         “WE ARE TAUGHT THAT SUFFERING IS THE ONE PROMISE LIFE ALWAYS KEEPS…. SO THAT IF HAPPINESS COMES… WE KNOW IT IS A PRECIOUS GIFT…. WHICH IS OURS…ONLY FOR A BRIEF TIME”.
         ဤပြောဆိုချက်ကို အချို့လူများက နှစ်သက်ကြသောကြောင့် ကူးရေးကြပြီး သူတို့မြင်နိုင်သော နေရာတနေရာမှာ ချိတ်ထားတတ်ကြတယ်လို့ ကျွန်တော်ကြားသိခဲ့ဖူးရပါတယ်။ အဲဒါကြောင့် မူရင်းအဓိပ္ပာယ်မပျက်ရန်အလို့ငှာ ဒါရိုက်တာ J.B ကိုယ်တိုင်ရေးသားခဲ့သော လက်ရေးမူအတိုင်း ဤစကားလုံးများကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါတယ်။
         အဲဒီလိုနဲ့ B.R ရုပ်ရှင်ကားဟာ အကြမ်းဖက်မှု၊ မတရားသော အဓမ္မပြုမှုများကိုဆန့်ကျင်တဲ့ အကြမ်းမဖက်ရေး တရားသော ဓမ္မမာနနဲ့သာ အခက်အခဲရှိသမျှကို ရင်ဆိုင်ဖြေရှင်းရေး စသည်တို့ကို အထူးအလေးပြုအရေးထားတဲ့ ဇာတ်ကြောင်းကို အခြေခံပြီး မှတ်တမ်းတင် ဇာတ်လမ်း တခု ဖြစ်လာခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ကမ္ဘာတ၀ှမ်းမှာလည်း မရိုးသေးသော ရုပ်ရှင်ကား တကား ဖြစ်နေရတုန်းပါပဲ။ ဒေါ်အောက်ဆန်းစုကြည်ကို ဂုဏ်ပြုသောကားတကား ဖြစ်ပါတယ်ဆိုရင်လည်း ရုပ်ရှင်ဒါရိုက်တာ J.B ကိုယ်တိုင် ဖွင့်ဟပြောဆိုရေးသားခဲ့သော စကားများနဲ့ ထပ်တူထပ်မျှ ညီညွတ် လျက်ပါပဲ။ ကျွန်တော်လည်းပဲ ရုပ်ရှင်မင်းသားမဟုတ်သော ကျွန်တော်ရုပ်ရှင်မင်းသား ဖြစ်ခဲ့ရပါတယ်။ လခကောင်းကောင်းနဲ့ ၅လစာအလုပ်အတွက် ရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ “ဘ၀တက္ကသိုလ်” မှာလည်း ကျွန်တော်ရဲ့ ဘ၀သင်တန်းများကို ဆက်ပြီးတက်နိုင်နေရတုန်းပါပဲ။ ကျွန်တော့ဘ၀ တက္ကသိုလ်ဆိုတာ ကတော့ B.R ရုပ်ရှင်ကားကို ရိုက်ကူးနေစဉ်နဲ့ ရုပ်ရှင်ပိတ်ကားပေါ်သို့ B.R ရောက်ရှိလာပြီး ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုအကြောင်းကို ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြေ ကြားပြောဆိုရေး သားဆွေးနွေး ခွင့်များနဲ့ ကြုံကြိုက်လာခဲ့ရသည်ကို ဆိုလိုတာပါပဲ။ တရားသော ဓမ္မမာနနဲ့ တရားဒါနဖြစ်ကြောင်းပါ။ ဗြဟ္မစိုးရတရားရဲ့ အနှစ်သာရ ဆိုတာကတော့….
         ၁။ ဒေါသအမျက်ကို ဆန့်ကျင်ပြီး အကြင်နာ၊ ဂရုဏာ၊ မေတ္တာ၊ စေတနာတို့ကို ထားရှိခြင်း။
        ၂။ အကြင်နာမဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ပြီး ဒုက္ခခံစားနေရသူများအပေါ် သနားခြင်း၊ ဂရုဏာဖြစ်ခြင်း။
      ၃။ မနာလိုခြင်း၊ သ၀န်တိုခြင်းများကို ဆန့်ကျင်ပြီး သူများကောင်းကျိုးနဲ့ အောက်မြင်မှုများအတွက် မုဒိတာစိတ်ထားရှိပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း။
    ၄။ သမာဓိ ပညာနဲ့သာယှဉ်သော အကြည့်အမြင်ဖြင့် အစစ အရာရာကို ဥပေက္ခာပြုခြင်း၊ လျစ်လျူရှုခြင်း၊ တည်ကြည်ငြိမ်းချမ်းသော စိတ်နှလုံးထားနဲ့ ဘက်မလိုက်ဘဲ တည်းဖြတ်ဆုံးဖြတ်ခြင်း။
         “သဗ္ဗေသတ္တာ ကမ္မတကာ” သတ္တ၀ါအပေါင်းတို့ရဲ့ တခုတည်းသော ပိုင်ဆိုင်မှုဆိုတာဟာ ကံကမ္မ (မိမိပြုလုပ်သောအမှု) သာဖြစ်ကြောင်းကို တရားသဘော၊ ဓမ္မစက္ခု အသိတရားနဲ့သာ ကြည့်ခြင်းမြင်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာဆိုလျှင် “B.R” ရုပ်ရှင်ကားထဲက ဇာတ်ကောင် သရုပ်ဆောင် မင်းသမီးနဲ့ မင်းသားတို့ဟာ တဦးနဲ့တဦး တူမှု ဘာတခုမှမရှိပါဘူး။ လူမျိုး၊ ယဉ်ကျေးမှု၊ ပညာ၊ အသက် အရွယ်၊ ရုပ်ဆင်းအင်္ဂါ၊ နေထိုင်စားသောက်မှုစနစ် စသည်များနဲ့ ဇာတ်ချင်းမတူ တမူ ကွဲပြာြး ခား နားချက်တွေ အများအပြားရှိနေလျက်နဲ့ အကြင်နာ၊ ဂရုဏာ၊ မေတ္တာ၊ စေတနာတွေ ပေါ်ပေါက်လာပြီး ဒါမှမဟုတ် ဒုက္ခဆင်း ရဲခြင်းကို ခံစားနေရသူများအပေါ်မှာ ကြင်နာမှု၊ ဂရုဏာစိတ်တွေ ယိုဖိတ်လာသည်နဲ့တပြိုင်နက် သူသူငါငါ ခွဲခြားမှု စိတ်ဓာတ်တွေ ပျောက်ပျက်သွားတော့တာပါပဲ။ တူညီသော လူသားအချင်း ချင်းတွေ သာ ဖြစ်ရကြောင်းကိုလည်း သဘောပေါက် နားလည်လာနိုင်တာပါပဲ။ ငါမှငါဆိုတဲ့ မတရားသော အဓမ္မမာန ဟာလည်း အငွေ့အဖြစ် အသွင်ပြောင်း လဲသွား ပြီး  နှစ် ကိုယ့်တ စိတ် ဖြစ်သွားရတယ်ဆိုတာပါပဲ။ အဲဒါဟာ ၅၂၈ မေတ္တာရဲ့အနှစ်သာရနဲ့ ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစိုရ် တရားအရိပ်မှာ အထွဋ်အထိပ် သို့ ရောက်ြ ခင်း မည် တာပဲပေါ့။
         အဲဒါကြောင့်မို့ “BEYOND RANGOON” ဆိုတာဟာလည်း “Beyond Ordinary Love” တဏှာချစ်ခြင်းကို အခြေခံတဲ့ ယောက်ျား မိန်းမ သတ္တ၀ါတို့ရဲ့ သမရိုးကျချစ်ခြင်းထက် လွန်ကဲသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ သက်သေခံ အထောက်အထားပါပဲရယ်လို့သာ …. ….။
                                                                            ဘ၀တု သဗ္ဗမင်္ဂလံ ၊ အောင်ကို