အမှာစာ


မင်းသားကြီးရဲ့ကဗျာပွင့်လေးတွေ
“ မင်းသားကြီး ” လို့ ကျွန်တော်တို့တတွေက ချစ်စနိုးခေါ်လေ့ရှိတဲ့ ဦးအောင်ကို၊ Beyong Rangoon ဇတ်ကားမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်သွားတဲ့အတွက် ကျွန်တော်တို့က “ မင်းသားကြီ ” လို့ဂုဏ်ယူပြီး ခေါ်ခဲ့တာပါ။
ဂျာမဏီက ကိုဆန်နီ၊ ကိုအောင်သူ၊ ဦးမောင်မောင်ရန် စတဲ့ ရဲဘော်တွေ၊ ဘယ်လ်ဂျီယန်က ကိုသက်၊  အောင်မော်ဇင်စတဲ့ ရဲဘော်တွေနဲ့ မင်းသားကြီး ရှိရာ ပါရီမြို့က တက္ကသိုလ်ရိပ်သာအိမ်ခန်းကို ရောင်သွားခဲ့ကြပါတယ်။
ချိုမြပြီး သိမ်မွေ့ဖော်ရွေတဲ့ အပြုံးရှင်မင်းသားကြီး ဦအောင်ကိုနဲ့ ပထမဆုံးတွေ့ခဲ့ရပါတယ်။ဘ၀ ဘ၀ က ရေစက်လို့ပဲ ဆိုပါစို့။ မင်းသားကြီးနဲ့ အလွန့်အလွန် ခင်မင်ရင်နှီးခဲ့ရပါတယ်။ မင်းသားကြီးနဲ့ စိတ်တူကိုယ်တူ သဘောတူ မနောတူတဲ့အတွက် မခွဲနိုင်မခွာရင်အောင် မိတ်ဖက်ဖြစ်ခဲ့ရပါတယ်။
သူလည်း ပါရီမှာ အနေကြာခဲ့ပြီ။ အတွေ့အကြုံမျိုးစုံ ကျင်လည်ခဲ့ပြီ။ သူ့နှလုံးသားထဲမှာ မြန်မာစာပေ၊ မြန်မာ့ယာဉ်ကျေးမှု၊ မြန်မာ့အနုပညာကို ချစ်မြတ်နိုးစိတ်တွေ လျှံဖိတ်နေတာကို ကျွန်တော်ကြည်နူးမိတယ်။ မင်းသားကြီးရဲ့ နူးညံ့တဲ့နှလုံးသားကို လေးစားချစ်ခင်မိတယ်။
တချိန်က “ အောင်မျိုး ” (ပြင်သစ်စကားပြန်)ဆိုတဲ့ အမည်နဲ့ “ အဲလ်ဘတ်ကမူး ” ရဲ့ “ သူစိမ်းဆန်ဆန် ” ၀ထ္ထုကို ဘာသာပြန်ခဲ့သူအဖြစ်လည်း တန်ဖိုးထားမိပါတယ်။ သူဧည့်ခံတဲ့ မြန်မာ မုန့်ဟင်းခါးကို အားရပါးရ စားသောက်ရင်း စကားတွေပြောမကုန်၊ ဗဟုသုတတွေ ဖလှယ်လို့မဆုံး၊ သီချင်းတွေ အပြန်အလှန် သီဆိုခံစားလို့ မပြီးနိုင်အောင် သံယောဇဉ် တွယ်ငြိမိပါတယ်။
မင်းသားကြီးနဲ့ တွေ့ဆုံခန်းကလေးကို ကဗျာနဲ့မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ ခေတ်ပြိုင်ဂျာနယ်မှာ ထင်ပါရဲ့။
နောက်တကြိမ် ၂၀၀၃ ခုနှစ်က မီရှဲ၊ ဗင်းဆင့်၊ သင်းသီရိ၊ ကိုငယ်တို့ရဲ့ကျေးဇူးကြောင့် မင်းသားကြီးရဲ့ ရိပ်သာကို တခေါက်တခါ အရောက်လာရပြန်ပါတယ်။ ပျော်စရာ့ ပျော်စရာကြီးပါ။
ဟော…. မထင်မှတ်ဘဲ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာ (၂၇)ရက်နေ့ (အမျိုးသားနေ့)တုန်းက လန်ဒန်မှာ ဆုံခဲ့ကြရပြန်တယ်။ ဒေါက်တာဝင်းနိုင်တို့ စီစဉ်တဲ့ဟောပြောပွဲမှာ ကျွန်တော်တို့အတူ ဟောပြောခဲ့ကြတယ်။
ကျွန်တော်တို့ မိတ်ဟောင်းဆွေဟောင်း ဒေါ်ခင်ဥစိန်နဲ့အတူ နိုင်ငံချစ်စိတ်တွေ တဝေေ၀နဲ့ ချစ်ဆွေကြီးဦးအောင်ကို နဲ့ စကားလက်ဆုံပြောမကုန်။
အခု….မင်းသားကြီးက ကဗျာတွေဖွဲ့နေသတဲ့။ နှလုံးသားလှတဲ့သူဆီက လှပတဲ့ကဗျာတွေ ဖူးပွင့်လာမှာကို ကြိုဆိုရမှာပေါ့။
                                                        ဆရာကြီးဦးတင်မိုး      ၇ ၊ ၂ ၊ ၂၀၀၅
      

မြန်မာ့ဟန် မြန်မာ့မူနဲ့ မြန်မာမင်းသားကြီး
      အကိုကြီးလို့ ကျွန်တော်တို့ တလေးတစားခေါ်သော ဦးအောင်ကို ကို စတွေ့ဖူးရတာ မှတ်မှတ်ရရ ၁၉၆၆ ခုနှစ် နယူးဒေလီ ဆောင်းတွင်းမှာဖြစ်သည်။ လှိုက်လှဲနွေးထွေးသောအပြုံးနှင့် ပျူငှာချက်ချာသော ဆက်ဆံရေးကြောင့် သူ့ကို လူချစ်လူခင်ပေါလှသည်။ Beyond Rangoon ရှပ်ရှင်အကြောင်းကို မမောနိုင် မပန်းနိုင် ပြောပြနေသော သူ့ရုပ်ပုံလွှာက စစ်ပွဲတစ်ပွဲကို အောင်နိုင်လာသော စစ်သူကြီးတစ်ယောက်နှယ် တင့်တယ်ထယ်ဝါလှသည်ကို ယနေ့တိုင် ကျနော်မြင်ယောင်နေမိသည်။
         ၁၉၉၉ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၂ ခုနှစ်မှာတစ်ကြိမ် ပဲရစ်မြို့ရှိ အကိုကြီးအိမ်မှာ အတန်ကြာတည်းခို၍ နေထိုင်ဖူးတော့မှ Beyond Rangoon မင်းသားကြီးမှာ အမှန်တကယ် အရည်အချင်းရှိ၍သာ စင်ပေါ်ရောက်တာဖြစ်ကြောင်း ကျနော်ပို၍လက်ခံမိသည်။ သူ့အိမ်ဧည့်ခန်းဆောင်တွင် ဗမာသီချင်းခွေများ၊ အငြိမ့်ခွေများ ဗီစီဒီခွေများက စင်နှင့်အပြည့် တွေ့ရသည်။ မြန်မာသီချင်းကြီး မြန်မာသီချင်းခန့်အားလုံးရှိနေသည်။ သူက မြန်မာဂီတကို ဖွင့်ပြ၍ သူလည်းနားထောင်ပြီး ကျနော်တို့ကိုပါ နားထောင်စေသည်။ မင်းသားကကိုလည်း ကွေးနေအောင်ကပြတော့ အတူပါလာသူ ဧည့်သည်များက ပွဲတောင်းကြသည်။ ထပ်တလဲလဲ ကပြရ၍ မင်းသားကြီးမှာမောနေတော့သည်။
         ဘီရွန်းရန်ဂွန်း ဒါရိုက်တာ ဂျွန်ဘောမင်းရဲ့ ဇတ်ညွှန်းအကြံပေး အလန်ကလင်းမင့်က ဦးအောင်ကိုအား မင်းသားအဖြစ် အဆိုပြုခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့က ဂျွန်ဘောမင်းရဲ့ ရုပ်ရှင်အဖွဲ့သားများက ရွေးချယ်ခဲ့ကြောင်း အကိုကြီးပြောပြချက်အရ သိရသည်။ အပွေးမြင် အပင်သိသော ပညာရှင်များပါပေဟု ချီးမွှမ်းရသည်။
         အလန်ကလင်းမင့်ကို မာနယ်ပလောတွင် ထွီးဖွားဝီးကျိုး စစ်ပွဲကာလတုန်းက တွေ့ဖူးလိုက်သည်။ ဒေါ်စုအကြောင်း စာအုပ်တအုပ်ရေးဖူးပြီး ရန်ကုန်မှာ ဘုန်းကြီးဝတ်နှင့် အတော်ကြာ တရားအားထုတ်ဖူးသည်။ သူတို့လိုချင်တဲ့ ရုပ်ရှင်မင်းသားက မြန်မာဆန်သော မြန်မာစစ်စစ် တယောက်ဖြစ်သည်။ အသင့်တော်ဆုံးသူကို အမှန်ပင် သူတို့ရှာတွေ့သွားကြသည်ဟု ကျနော်ယုံကြည်သည်။ ဦးအောင်ကိုအား အင်မတန်မြန်မာဆန်သော မြန်မာစစ်စစ်တယောက် မြန်မာမှုကို မြတ်နိုးသူတယောက်။
         ကျနော်တို့နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းသည် အဆင့်အတန်း ဆိုးဆိုးဝါးဝါး နိမ့်ကျနေသည်ကို အာဏာပိုင်တို့ကပင် ၀န်ခံနေရပြီဖြစ်သည်။ ဟိုတန်းကလည်း ဗိုလ်အောင်ဒင်၊ ယခုလည်း ဗိုလ်အောင်ဒင်၊ နောင်လည်း ဗိုလ်အောင်ဒင်သာ အကောင်းဆုံးဟု ဆိုရလိမ့်မည်။ သို့မဟုတ်ဘဲ မြန်မာရုပ်ရှင် အဆင့်အတန်းမြင့်မားပြီး နိုင်ငံတာကာရုပ်ရှင် အဆင့်အတန်းသို့ တက်လှမ်းနိုင်မည်ဆိုပါက ဦးအောင်ကိုသည်လည်း….ကျနော်ယုံကြည်နေမိသလို ဂုဏ်ယူနေမိပါသည်။
                                      ဦးသန်းထွဋ်
                                      မိုးကြိုးဝိုင်းတော်သား
                                      မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီ


ACKNOWLEDGEMENT
         Buddha taught that “hatred is never ceased by hatred in this world. By love alone it can be ceased. This is an ancient Law”. Likewise , violence is never ceased by violence in this world. By non-violence alone it can be ceased!
            The non-violent struggle is indeed neither non-resistance nor passive resistance. It is an attitude of non-violent non-coorperation  with the violence, or just to say “No” to any injustice! It is so the essence the non-violent combat is active and pacific, known as civil disobedience, and or civil resistance . For that to happen, the women , the monk, the old people, one and all have to go out and dare say “No” to unfeeling brute and brutes, inhuman wretch and wretches, that they are! You can’t have one without the other. The truth of the matter is to be able to fight against “the prince and the princess of darkness” in this world with active universal loving-kindness and active compassion in order not to become like them. Matter of conscience!
Buddhism says  :  “Loving-kindness, metta possesses mystic and a magnetic power, which can easily influence beings far and near. A pure heart that radiates this beneficient force is capable of transforming wild beasts into tame ones, murderers into saints”. Power of Metta matters most for powerless people!
With that in mind, I would like to express my heartfelt thanks and gratitude to all who fought and still fighting for the human rights and democratic cause of our beloved Burma led by our non-violent democratic leader Daw Aung San Suu Kyi. This booklet is dedicated to all the people of Burma who have been suffering in silence and living like the prisoners of opinion and conscience inside and outside of the country for years. May we be able to throw off the yoke of the darkness of the people like the corrupt Generals who do not see truth as truth in Burma!
Deepest thanks and love to Sayagyi U Tin Moe for his prompt help with his foreward, Ko Bala who not only first suggested the idea but also helped with his continued support and assistance for his booklet and “Binamojo” team for their kindness and generosity of realization of this project.
Grateful thanks must also go to Mr. Michel Diricq, a true friend of mine, and if our  beloved Burma’s democratic cause as well as “Suisse-Birmanie Association, Geneva” and “Urgence, Culture, Memoire and Development Association, Paris” for their kind  words to participate in this project with financial support, whatever amount it can be. “It is the intention that counts”!
Finally, I would like to make it clear that the aim and object of publishing this poetic text is to bring the abuse of the Burmese military junta’s a dictatorship and of its administrative authority under the public eye. Furthermore, it is to help raise a spirit to the democratic voice of hope of the people of Burma :
We, the people of Burma, suffering as the stick falls on the wound, if not so.
We, the people of Burma in pain as if the wound hit by the stick!
                                                                       Aung Ko( France ) 25-02-2005


ကာရံမညီသောကဗျာတပုဒ်
           ဤကဗျာကို ရေးနိုင်ခွင့်နှင့်ကြုံလိုက်ရသည့်အကြောင်းရင်းကို ဖွင့်ဟပြောဆိုပါရစေ။
            အရင်လလောက်ဆီက ဂျာမဏီပြည်က ရဲရဲတောက်လူငယ်များနှင့်အတူ မမျှော်လင့်ဘဲ ကျနော့်အိမ်ကို ဆရာဦးတင်မိုး အလည်ရောင်လာပါတယ်။ ကျနော်ဂုဏ်ယူမိရပါတယ်ဆရာ။
            ဆရာနှင့်အတူ တညလုံး စကားထိုင်ပြောခွင့်ကြုံလိုက်ရလို့လည်း ကျနော့်မှာ မကြုံဘူးခဲ့တဲ့ ဤကဲ့သို့သော ကဗျာဉာဏ်ကွန့်မြူးမှုကို ခံစားမိခဲ့ရပါတော့တယ်။ ဆရာ့ခြေရာ မီနိုင်မှာမဟုတ်သော်လည်း ဆရာနဲ့ ၀ါသနာတူသူ တဦးရယ်လို့ ဆရာကပြောလာတာကိုကြားရတာကြောင့် ကျနော့်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိပြီး ဤကဗျာ စပ်ဆိုမှုကို ဆရာပြန်သွားတဲ့နေ့ကစပြီး နေ့ညမရွေး အချိန်များများပေးရပြီး အမှတ်တရနဲ့ စပ်ဆိုနေမိခဲ့ရပါတော့တယ်။
            ဆရာနဲ့တွေ့ဆုံရပြီး ကဗျာရေးစပ်လိုချင်တဲ့စိတ်ကူး အထူးထနေရတုန်းမှာ “မိုးကြိုး” သတင်းစဉ် အမှတ် (၂၇) ၂၀၀၂ ခုနှစ်ထုတ်မှာ ဆရာ ( မိုးကြိုးသတင်းစဉ် နာယက ကဗျာဆရာကြီးဦးတင်မိုး ) ရေးတဲ့ “မိုးကြိုးကဗျာ သ၀ဏ်လွှာ” ကိုဖတ်လိုက်ရပြန်တော့ ကျနော့်နားဝမှာ မိုးကြိုးပစ်ဟီးသံ၊ မိုးခြိမ်းသံများ တဒိန်းဒိန်း တဒိုင်းဒိုင်း ကြားနေခဲ့ရပါသည်။ အဲဒီမိုးခြိမ်းသံများ ထပ်ခါထပ်ခါ ကြားနေရရင်း မိုးကြိုးပစ်တော့မလားရယ်လို့ ထင်မှတ်နေရာက ယခု ၂၀၀၂ ခုနှစ် မတ်လပိုင်း (၈)ရက် (၉)ရက်ဆီကို ရောက်လာခဲ့ရပါတယ်။ မမျှော်လင့်ဘဲ အဲဒီမြန်မာပြည်က မိုးကြိုးပစ်သံများကို စတင်ကြားလာရရင်း ကျနော်လည်း ကျနော့်ကဗျာကို လိုက်ကာချ တဇတ်သိမ်းရသလို အထိမ်းအမှတ်ပြုပြီး နိဂုံးချုပ်လိုက်ရပါတော့တယ်။
            ဆရာ့ကို မြန်မာပြည်သူပြည်သူအားလုံးတို့က လေးစားကြည်ညိုသလို ကျနော်လည်း ထပ်တူထပ်မျှ လေးစားကြည်ညိုရပါတယ်။ သို့ပေမယ့် အပိုမဟုတ်ဘဲ ဆရာ့ကို ပိုမိုပြီးကြည်ညိုလေးစားမှုပြုရပါတယ်ဆိုတာကို ကျနော်ထပ်လောင်းပြီး ပြောရအုံးမယ်ဆိုရင်တော့….
            ကျနော် ၁၉၆၆-၆၇ ခုနှစ်လောက်ဆီက ပြင်သစ်ဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ဘာသာပြန်ခဲ့တဲ့ “သူစိမ်းဆန်ဆန်” (L’ETRANGER\STRANGER\OUTSIDER) ဘာသာပြန်စာအုပ်နဲ့ ဘာသာပြန်သူအမည် အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) ကိုပါ ထည့်သွင်းပြီး တမဟုတ်ချင်း ဆရာဖွင့်ဟပြောဆိုသွားခဲ့ရတာကို သတိရပြီး ကျနော်တွေးတောမိတိုင်း အံ့သြနေမိရလို့ပါဆရာ။
            အဲဒီ “အောင်မျိုး” ဆိုတာ ကျနော် “အောင်ကို” ပါလို့ ဆရာ့ရှေ့မှောက်မှာ ပြောပြနိုင်ခွင့်ရလိုက်လို့လည်း ကျနော့်မှာ ဂုဏ်ယူလို့မဆုံး ဖြစ်နေရတော့တာပေါ့ ဆရာရယ်။
            ဤကဗျာကို အချောကိုင်ဖတ်ပြပြီး လက်ရေးမူနဲ့ကူးရေးပေးတဲ့ ဆရာသိတဲ့ “ရေနံချောင်းသား” (Micky ) ကိုလည်း ကျနော် ကျေးဇူးထူးတင်ရှိရလျက်ပါပဲ။
                                               အောင်ကို                       ၁၃၆၃-ခုနှစ်၊ တပို့တွဲလဆုတ် (၁၁) ရက်။
                                                                                  ၂၀၀၂-ခုနှစ်၊ မတ်လ (၁၀)ရက်။